Weather and Natural Disaster Information Collections
ရာသီဥတုနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ မှတ်စရာ/ဖတ်စရာများ

ဖတ်ရှုလိုသော ခေါင်းစဉ်များပေါ်တွင် Click လုပ်ပါ
သဘာဝဘေးအန္တရာယ်များနှင့်ကာကွယ်ခြင်း၊ ကြိုတင်ပြင်ဆင်ခြင်းများ by MMWEATHER

သဘာဝဘေးအန္တရာယ်အမျိုးအစားများ

၁။ ရေလွှမ်းမိုးခြင်း floods,
၂။ မီေးတာင်ပေါက်ကွဲခြင်း volcanic eruptions,
၃။ မြေငလျှင်လှုပ်ခြင်း earthquakes,
၎။ ဆူနာမီရေလှိုင်းများဖြစ်ပေါ်ခြင်း tsunamis,
၅။ တောင်ပေါ်မှ နှင်းထု၊ ရေခဲထုနှင့် ကျောက်တုံးများ တစ်ဟုန်ထိုးလျှောကျခြင်း avalanches,
၆။ မီးတောင်ရွှံ့/မြေပြိုခြင်း lahars (volcanic mudslides),
၇။ တောင်ပြိုခြင်း/မြေပြိုခြင်း landslides,
၈။ မြေကျွံခြင်း sinkholes,
၉။ နှင်းမုန်တိုင်း blizzards,
၁ဝ။ မိုးခေါင်ခြင်း drought,
၁၁။ မိုးသီးမုန်တိုင်း hailstorms,
၁၁။ အပူလှိုင်းကျရောက်ခြင်း heat waves,
၁၂။ ဟာရီကိန်း hurricanes,
၁၃။ အပူပိုင်းမုန်တိုင်းတိုက်ခတ်ခြင်း tropical storms,
၁၄။ တိုင်ဖွန်း/ဆိုင်ကလုန်း မုန်တိုင်းတိုက်ခတ်ခြင်း typhoons,
၁၅။ ရေခဲခေတ်အသွင်ကျရောက်ခြင်း Ice Ages,
၁၆။ လေဆင်နှာမောင်းတိုက်ခတ်ခြင်း tornadoes,
၁၇။ တောမီးလောင်ကျွမ်းခြင်း wildfires.

သမိုင်းမှတ်တမ်းများအရ မီးတောင်ပေါက်ကွဲမှုသည် သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်ခဲ့မှုတွင် အဆိုးရွားဆုံးအဖြစ် မှတ်တမ်းတင်ခဲ့ကြပြီး လွန်ခဲ့သော နှစ်ပေါင်း ၇၃ဝဝဝ ခန့်တွင် အင်ဒိုနီးရှားဒေသတွင် တိုဘာမီးတောင်(Mt. Toba) ပေါက်ကွဲခဲ့ပြီး ဒေသတွင်းမှ လူသားမျိုးနွယ်အားလုံးနီးပါးအသက်ဆုံးရှုံးခဲ့ရပြီး အသက်ရှင်ကျန်ရစ်သူ ၁ဝဝဝ မှ ၁ဝဝဝဝ ဝန်းကျင်သာ ကျန်ရှိကြောင်း မျိုးရိုးဇီဇဆိုင်ရာဆန်းစစ် စစ်ဆေးခြင်း ပညာရပ်ဖြင့် အတည်ပြုနိုင်ခဲ့ကြောင်း မှတ်သားရပါသည်။

သဘာဝဘေးအန္တရာယ်အဖြစ် ရံဖန်ရံခါ သတ်မှတ်လေ့ရှိသော အဖြစ်အပျက်များတွင် ဘက်တီရီးယားနှင့် ဗိုင်းရပ်စ်များကြောင့်ဖြစ်ပေါ်တတ်သည့် ကပ်ရောဂါများလည်းပါဝင်ကြပြီး ပုံမှန်ဖြစ်ပေါ်လေ့ရှိသည့် သဘာဝဘေးအန္တရာယ်အမျိုးအစားများနှင့်မတူညီသည့် အတန်းအစား (Category) ခွဲခြား၍ သတ်မှတ်ဖေါ်ပြကြပါသည်။ ထို့အပြင် ကျိုင်းကောင်များနှင့် အဆိပ်မှိုများကြောင့် လူတို့အတွက် ရိက္ခာပြတ်တောက်စေခြင်း/အစာအဆိပ်သင့်ခြင်းများကို ဖြစ်ပေါ်စေခြင်းတို့သည်လည်း သဘာဝဘေးအန္တရာယ် အတန်းအစားတစ်ခုအဖြစ် သတ်မှတ်ဖေါ်ပြကြပါသည်။

၁၉၁၈-၁၉၁၉ ခုနှစ်တွင် စပိန်နိုင်ငံတွင် စတင်ဖြစ်ပွားခဲ့သည့် စပိန်တုပ်ကွေးကပ်ရောဂါသည် လူ့အသက်ပေါင်း သန်း ၅ဝ ကျော်ကို သေကြောပျက်စီးစေခဲ့ပြီး အဆိုပါအရေအတွက်သည် ၄င်းကပ်ရောဂါမဖြစ်ပွားမီအချိန်တိုလေး အတွင်းတွင် ပြီးစီးခဲ့သည့် ပထမကမ္ဘာစစ်အတွင်း သေကြေပျက်စီးခဲ့သည့် လူ့အသက်များထက် ပိုမိုခဲ့ပြီး သေဆုံးသူများမှာ အသက်အရွယ်ကြီးသူများနှင့် ကလေးသူငယ်များဖြစ်ကြပါသည်။

အချို့သော သဘာဝဘေးအန္တရာယ်တို့သည် သဘာဝအကြောင်းတရားနှင့် သဘာဝမဟုတ်သော အကြောင်းတရားနှစ်ခုတို့ဖြင့် ဆက်စပ်လျှက်ဖြစ်ပေါ်တတ်သည်ကိုတွေ့ရပါသည်၊ ဥပမာ-ဒုဗ္ဘိက္ခတရကပ် ခေါ် ငတ်မွတ်ခြင်းကပ်ဘေးသည် သဘာဝတရားနှင့် လူသားတို့မှားယွင်းမှုများကြောင့် ဆက်စပ်၍ဖြစ်ပေါ်လာရတတ်သော ဘေးအန္တရာယ်ကပ်ဆိုးကြီးဖြစ်ပါသည်။
၂ဝ ရစုနှစ်အတွင်း ၁၉၅၈-၁၉၆၁ ခုနှစ်တွင် တရုတ်ပြည်တွင်ဖြစ်ပွားခဲ့သော ဒုဗ္ဘိက္ခတရကပ်ကြောင့် လူဦးရေ သန်း ၃ဝ တို့အားသေလုမျောပါးခံစားစေခဲ့ပါသည်။ ဆိုဗီယက်ပြည်ထောင်စုမပြိုကွဲမီ စတာလင် ၏ မူဝဒါရေးရာမှားယွင်းမှုကြောင့်ဟု လူအများအပြစ်တင်ခဲ့ကြသည့် ဆိုဗီယက်ပြည်ထောင်စုတွင် ထိုအချိန်အတွင်း ကြုံတွေ့ခဲ့ရသည့် ဒုဗ္ဘိက္ခတရကပ်သည်လည်း လူသားတို့၏ ကြမ်းကြုတ်ရက်စက်မှုနှင့်ဇတ်တူသားစားသည့်မူဝါဒ မှားယွင်းမှုကြောင့် ဖြစ်ပေါ်လာရသည့် ဒုဗ္ဘိက္ခတရကပ် တစ်ပါးအဖြစ် မှတ်တမ်းတင်ခဲ့ကြောင်းတွေ့ရှိရပါသည်။

အာကာသအတွင်းဖြစ်ပေါ်ပြောင်းလဲမှုများကိုအခြေခံဖြစ်ပေါ်လေ့ရှိသည့် ဥက္ကာခဲများ/ဥက္ကာပျံများ နှင့် နေပေါက်ကွဲမှုများမှဖြစ်ပေါ်သည့် အလင်းလွန်လှိုင်းများ ကမ္ဘာမြေပေါ်ကျရောက်ခြင်းကြောင့်ဖြစ်ပေါ်တတ်သည့် ဘေးအန္တရာယ်များမှာ အလွန်ကြုံတောင့်ကြုံခဲဖြစ်ရေပ်များအဖြစ်သာ တွေ့မြင်ရတတ်သော်လည်း ဤဖြစ်ရပ်များကိုလည်း သဘာဝဘေးအန္တရာယ်အတန်းအစား (Category) တစ်ခုအဖြစ် သတ်မှတ်ထားသည်ကို လေ့လာတွေ့ရှိရပါသည်။ ဥက္ကာပျံများကျရောက်ခြင်းနှင့် နေပေါက်ကွဲမှုကြောင့်ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်သည် အလွန်ကြုံတောင့်ကြုံခဲဖြစ်ရပ်များဖြစ်သော်လည်း ကမ္ဘာမြေပေါ်ကျရောက်ခဲ့လျှင် ပုံမှန်ဖြစ်ပေါ်လေ့ရှိသည့် သဘာဝဘေးအန္တရာယ်များထက် အဆပေါင်းများစွာ ပိုမိုပြင်းထန်ပြီး လူသူအသေအပျောက်နှင့် ပစ္စည်းဥစ္စာပျက်စီးဆုံးရှုံးနိုင်ခြေမှာလည်း ပုံမှန်သဘာဝဘေးအန္တရာယ်များကဲ့သို့ ပျက်စီးဆုံးရှုံးနိုင်စွမ်းရှိသဖြင့် ဤဖြစ်ရပ်များကို ရေရှည်အချိန်ကာလတစ်ခုအတွက် သဘာဝဘေးအန္တရာယ်အတန်းအစားတစ်ခုတွင် ထည့်သွင်းထားရန် သင့်/မသင့်ကို ကမ္ဘာပေါ်မှ သိပ္ပံပညာရှင်များ ယခုတိုင် အငြင်းပွားနေကြဆဲဖြစ်ကြောင်း သိရှိရပါသည်။

============

သဘာဝဘေးအန္တရာယ်များမဖြစ်ပွားမီ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားခြင်း

သဘာဝဘေးအန္တရာယ်ဟူသည် အချိန်အခါမရွေး ကြိုတင်သတိပေးချက် မရရှိနိုင်ပဲ ဖြစ်ပွားနိုင်သည့်အတွက် အဆိုးဆုံးအခြေအနေအတွက် ကြိုတင်ပြင်ဆင်ထားခြင်းသည် အကောင်းဆုံးဖြစ်ပါသည်။ Catastrophe ခေါ် ရုတ်တရက်ဖြစ်ပွားသည့် ဘေးအန္တရာယ်များတွင် သဘာဝကြောင့်လည်းကောင်း လူသားတို အမှားကြောင့်လည်းကောင်း ဖြစ်ပွားတတ်သောကြောင့် အရေးပေါ်အခြေအနေအတွက် ကြိုတင်ပြင်ဆင်မှုများအားစံနစ်တကျ ဆောင်ရွက်ထားရန်မှာ အရေးကြီးသောအချက်တစ်ချက်ဖြစ်ပါသည်။

သဘာဝဘေးအန္တရာယ်ကျရောက်ခြင်းအတွက်ကြိုတင်ပြင်ဆင်ထားရန်မှာ အမှန်စင်စစ် ခက်ခဲသော ကိစ္စမဟုတ်ပါ။ အတွေ့အကြုံနည်းသော်လည်း လေ့လာမှတ်သား၍ ဖြစ်နိုင်ခြေအားလုံးအတွက် တတ်နိုင်သမျှ အဆင်သင့်ဖြစ်အောင်ပြင်ဆင်ထားရန်သာ လိုအပ်ပါသည်။ ပထမဦးဆုံးလိုအပ်သော ဗဟုသုတမှာ သင်နေထိုင်သည့်ဒေသတွင် မည်သို့သော သဘာဝဘေးအန္တရာယ်မျိုးကျရောက်တတ်ပါသနည်း ? သို့မဟုတ် သင်နေထိုင်ရာဒေသတွင် မည်သို့သော သဘာဝဘေးအန္တရာယ်မျိုး ကျရောက်နိုင်ခြေရှိပါသနည်း ? ဟူသည့် မေးခွန်းအဖြေအတွက် မိမိဘာသာ လေ့လာဆန်းစစ်ထားရန်ဖြစ်ပါသည်။

အစားအစာ၊ ရေ နှင့် လျှပ်စစ်ဓါတ်အား၊ (အေးသောဒေသများအတွက်) အပူဓါတ် နှင့် ဆက်သွယ်မှုများ ပြတ်တောက်သွားပါက ဘာလုပ်ရမည်ကို ကြိုတင်ပြင်ဆင်ထားရန်၊ သင့်မိသားစု(သို့မဟုတ်)သင့်ပတ်ဝန်းကျင်မှ လူသားမိတ်ဆွေများအတွက် အသိပညာပေးပြောဆိုထားပြီး အရေးပေါ်အခြေအနေအတွက် အချိန်မီကြိုတင်ဇတ်တိုက် လေ့ကျင့်ထားရန်လိုအပ်ပါသည်။

ဖွံ့ဖြိုးပြီးနိုင်ငံများတင် အရေးပေါ်အခြေအနေအသုံးပြုရန် ပစ္စည်းသေတ္တာလေးများ (Disaster survival kits) ကို ဝယ်ယူရရှိနိုင်သကဲ့သို့ ဝယ်ယူမရနိုင်လျှင် မိမိပတ်ဝန်းကျင်တွင်လည်း အလားတူအရေးပေါ်ကယ်ဆယ်ရေးနှင့် အသက်ရှင်သန်ရေးအတွက် ပစ္စည်းလေးများပါဝင်သော သေတ္တာ/အထုပ် စသည်ဖြင့် ပြုလုပ်ထားရှိသင့်ပါသည်။

မိမိဘာသာပြင်ဆင်ရမည့် အရေးပေါ်အခြေအနေ ကယ်ဆယ်ရေးနှင့် အသက်ရှင်နေနိုင်ရေး အထောက်အကူပြုပစ္စည်း သေတ္တာ/အထုပ်လေးများတွင် စည်သွတ်ဗူးအစားအစာအနည်းငယ်၊ သောက်ရေ(လိုအပ်လျှင် သောက်ရေအား လဲလှယ်ပေးနေရမည်ဖြစ်ပါသည်) အဝတ်အထည်အနည်းငယ်၊ လူသုံးကုန်ပစ္စည်းအနည်းငယ်၊ စောင်အနည်းငယ်၊ ရှေးဦးသူနာပြုဆေးသေတ္တာ၊ ဓါတ်ခဲသုံး မီးအိမ်/ လက်နှိပ်ဓါတ်မီး နှင့် လိုအပ်လျှင် ပြင်ပသတင်းနားထောင်နိုင်သည့် ရေဒီယို စသည်ဖြင့်လိုအပ်မည်ဖြစ်ပြီး၊ လိုအပ်နိုင်မည့် အရေးကြီးစာရွက်စာတမ်း မိတ္တူများ (မြန်မာပြည်တွင် သန်းခေါင်စာရင်းမိတ္တူ၊ မှတ်ပုံတင်မိတ္တူ၊ အာမခံ စာရွက်စာတမ်းမိတ္တူ၊ လိုင်စင်မိတ္တူ၊ ရက်အနည်းငယ် အရေးပေါ်အချိန်အတောအတွင်းသုံးရန် ငွေအနည်းငယ် အစရှိသည်ဖြင့် ကိုယ့်အခြေအနေနှင့်ကိုယ် ပြင်ဆင်ပြီး ရေလုံသော ပလပ်စတစ်အိပ် သေတ္တာစသည်ဖြင့် ထည့်ကာ မိမိဝယ်ယူ/ပြုလုပ်ထားသောအရေးပေါ်အခြေအနေ ကယ်ဆယ်ရေးနှင့် အသက်ကယ်သေတ္တာ (home made disaster survival kit) တွင် အတူထည့်သွင်းထားသင့်ပါသည်။

မှတ်ချက်။ အရေးပေါ်အခြေအနေအတွက် ပြင်ဆင်ခြင်းဆိုင်ရာကျွမ်းကျင်သူများမှ disaster survival kit ပြင်ဆင်ရာ၌ -

  • ရေကို လူတစ်ဦးလျှင် တစ်ရက် ၁ ဂါလံ နှုန်းဖြင့် ၁၄ ရက်စာအထိပြင်ဆင်သင့်သည်
  • ဖြစ်နိုင်လျှင် သုံးရန် ရေကိုလည်းများများလှောင်၍ပြင်ဆင်ထားသင့်သည်
  • မပုပ်မသိုးနိုင်သော အစားအစာ (စည်သွပ်ဗူး)၊ သစ်သီးခြောက်များနှင့် ရည်ရှည်ခံသော ဟင်းသီးဟင်းရွက်များ စသည်ဖြင့် ပြင်ဆင်ထားသင့်သည်
  • ဆန်၊ ပဲ၊ နို့ခြောက်(ဒိန်ခဲ)၊ ကွတ်ကီးမုန့်၊ ဘီစကစ်မုန့် စသည်တို့ကိုလည်း စုဆောင်းပြင်ဆင်ထားသင့်သည်
  • ကလေးနှင့် ကိုယ်ဝန်ဆောင်မိခင်များအတွက် ဗီတာမင် ကြွယ်ဝသည့် ဆေးဝါးအချို့၊ ထိခိုက်ဒဏ်ရာရခြင်းနှင့် ဖျားနာခြင်းတို့အတွက် ဆေးဝါးအချို့ တို့သည် ရှေးဦးသူနာပြုဆေးသေတ္တာတွင် ပါဝင်သင့်သည့်ဆေးဝါးပစ္စည်းများ အဖြစ် ပြင်ဆင်ထားသင့်သည်
  • အိမ်မွေးတိရိစ္ဆာန်များရှိပါက ၄င်းတို့အတွက်လည်း အစာအချို့နှင့် ကာကွယ်ဆေး စသည်တို့ကို disaster survival kit ပြင်ဆင်ရာတွင် ထည့်သွင်းပြင်ဆင်ထားသင့်ပါသည်
  • အခြေအနေကို လိုက်၍ အရေးပေါ်အစးအစာများစားသုံးခြင်းဆိုင်ရာ အသိရှိစေရန်မိသားစုဝင်များ သို့မဟုတ် မိမိရုံးဌာန အဖွဲ့ဝင်များအား ကြိုတင်မှာကြားရှင်းပြထားသင့်သည် (ဥပမာ - လျှပ်စစ်မီးရေရှည်ပျက်နိုင်သည့် အခြေအနေတွင် ရေခဲသေတ္တာတွင်းမှ စားစရာများကို ပထမယူငင်ချက်ပြုတ်စားသောက်ရန်နှင့် အအေးခန်း(Deep Freezer) မှ အစားအစာများကို နောင်မှသာ ယူ၍ စားသုံးရန်)
  • အခြေအနေပေါ်မူတည်၍ စားရေရိက္ခာ စုဆောင်းထားမှုအား ချွေတာစားသုံးရန် ကြပ်မတ်ထိန်းသိမ်းထားရမည်
  • အရေးပေါ်အခြေအနေဖြစ်ပေါ်လာသည့်အခါ လျှပ်စစ်မီးဖြတ်တောက်ခြင်း(Main Switch အားပိတ်ခြင်း/ဖွင့်ခြင်း)၊ ချက်ပြုတ်ရန်နှင့် အပူပေးရန် ဓါတ်ငွေ့သုံးပါက ဓါတ်ငွေ့ပိုက်လိုင်းများ ပိတ်ခြင်း/ဖွင့်ခြင်း၊ အေးခဲပိတ်ဆို့သွားသော ပိုက်များကို စံနစ်တကျ အရည်ပျော်စေခြင်း စသည့် သဘာဝဘေးအန္တရာယ်ကျရောက်စဉ် ထပ်မံဖြစ်ပွားနိုင်သည့် နောက်ဆက်တွဲ ဘေးအန္တရာယ်များအားကာကွယ်ရန် နည်းလမ်းများကိုလည်း မိသားစုဝင်များ၊ ရုံး/ဌာန အဖွဲ့ဝင်များအား ရှင်းလင်းမှာကြားထားရမည်
  • ထို့နောက်ကယ်ဆယ်ရေးသေတ္တာကို မိမိနေအိမ်(သို့မဟုတ်)ရုံးအနီးတွက် အရေးပေါ်အခြေအနေအတွက် ကြိုတင် ပြင်ဆင် ဆောက်လုပ်ထားသင့်သော အဆောက်အဦ (သို့မဟုတ်) မိတ်ဆွေတစ်ဦး၏ အိမ်(သို့မဟုတ်)မိသားစု-ရုံးအဖွဲ့သားများနှင့် ကြိုတင် တိုင်ပင်အသိပေးထားသော နေရာတွင် အလွယ်တကူဖွင့်နိုင်သော သော့ခတ်လျှက်(သို့မဟုတ်) မိတ်ဆွေအားအလျက် ထားရှိရမည်ဖြစ်ပြီး မိတ်ဆွေ(သို့မဟုတ်) အခြားလူမှုအဖွဲ့အစည်းတစ်ခုခုမှ လာရောက်၍အပ်နှံထားလျှင်လည်း လက်ခံ သိမ်းဆည်းပေးထားရန်ဖြစ်ပါသည်။ ဤသို့ဖြင့် မိမိနေရာတွင် သဘာဝဘေးအန္တရာယ်ကျရောက်မှုမရှိပါက အခြားတစ်နေရာမှ သဘာဝဘေးအန္တရာယ်ကျရောက်လာသူများအတွက် အရေးပေါ်အခြေအနေကယ်ဆယ်ရေးနှင့် အသက်ကယ်သေတ္တာ (home made disaster survival kit) အဆင်သင့် ဖြစ်စေမည်ဖြစ်ပါသည်။ ငွေကြေးတတ်နိုင်သူများအနေဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများလိုအပ်လာလျှင် အသုံးပြုရန် လိုအပ်မည့် အစာရေစာနှင့် အသုံးအဆောင်ပစ္စည်းအချို့ကို ဝယ်ယူစုဆောင်းသိမ်းဆည်းထားသင့်ပါသည်။
  • သဘာဝဘေးအန္တရာယ်ဆိုသည်မှာ ကြိုတင် သတိပေးမှုမရှိပဲ (သို့မဟုတ်) ကြိုတင်သတိပေးရန် အချိန်လုံလောက်စွာ မရရှိပဲ ရုတ်တရက်လည်း ဖြစ်ပေါ်တွေ့ကြုံ ရတတ်ကြောင်း သဘောပေါက်နားလည်ထားကြရမည်ဖြစ်ပြီး သဘာဝဘေးအန္တရာယ်တို့နှင့် ကြုံတွေ့ရသည့်အခါ သင့်အိမ်၊ ရုံးဌာန တို့မှ လျှပ်စစ်မီး၊ ရေ၊ ဆက်သွယ်ရန် တယ်လီဖုန်းစသည်တို့ ပြတ်တောက်ပျက်စီးမှုများနှင့်လည်း ကြုံတွေ့ရနိုင်ပါသည်။ သက်ဆိုင်ရာ တာဝန်ရှိသူများ/ အာဏာပိုင်အဖွဲ့အစည်းများမှ ကယ်ဆယ်ရေး လုပ်သားများသည် သဘာဝဘေးအန္တရာယ်ကြုံတွေ့ခံစားရသော ဒေသ/နေရာသို့ သဘာဝဘေးအန္တရာယ်ဖြစ်ပွားကြောင်းသတင်းရရှိသည်နှင့် အမြန်ဆုံးရောက်ရှိ၍ ကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်နိုင်ရန် ကြိုးစားလာရောက်ကြမည်ဖြစ်သော်လည်း ဒေသအတွင်းမှ လူတိုင်း/နေရာတိုင်းဆီသို့ အချိန်မီရောက်ရှိလာလိမ့်မည်ဟူ၍ကား အသေအချာ မျှော်လင့်ထား၍မရပါ။

ထို့ကြောင့် အထက်ပါပြင်ဆင်မှုများပြုလုပ်ထားခြင်းသည် သဘာဝဘေးအန္တရာယ်မှ ကာကွယ်နိုင်ကြောင်း အာမ မခံနိုင်သော်လည်း သင်နှင့် သင့်မိသားစုဝင်များအတွက် အတိုင်းအတာတစ်ခုအထိ အသက်ဆက်လက်ရှင်သန်နိုင်သော အခွင့်အရေးကို ရရှိစေမည်ဖြစ်ပါသည်။

TOP

၂ဝဝ၉-၂ဝ၁ဝ ခုနှစ် အယ်နီညိုအကြောင်း NOAA translated by MMWEATHER

အမေရိကန်ပြည်ထောင်စု Department Of Commerce အောက်မှာ ရှိတဲ့ National Oceanic and Atmospheric Administration(NOAA) ဌာနရဲ့ သိပ္ပံပညာရှင်များက အခုနှစ် အယ်နီညိုဖြစ်ပေါ်မှုသည် ကမ္ဘာ့မိုးလေဝသ၊ ကမ္ဘာ့သမုဒ္ဒရာရေပြင်အခြေအနေနဲ့ ပင်လယ်/သမုဒ္ဒရာထဲက သက်ရှိသတ္တဝါတွေအပေါ် အကျိုးသက်ရောက်မှု သိသိသာသာ ဖြစ်ပေါ်စေလိမ့်မယ်လို့ ၂ဝဝ၉ ခုနှစ် ဇူလိုင်လ ၉ ရက်နေ့ မှာ ထုတ်ဖေါ်ကြေညာခဲ့ကြပါတယ်။

၂ နှစ်မှ ၅ နှစ် အတွင်းမှာ တစ်ကြိမ်ဖြစ်ပေါ်တတ်တဲ့ ပစိဖိတ်သမုဒ္ဒရာ အရှေ့ပိုင်းနဲ့ အလယ်ပိုင်း၊ အပူပိုင်းဒေသရဲ့ သမုဒ္ဒရာရေပြင် အပူချိန်မြင့်တက်စေမှုဟာ ပုံမှန်အားဖြင့် ၁၂ လ လောက်အထိ ကြာတတ်ကြောင်းနဲ့ အခု တစ်ကြိမ်ဖြစ်ပေါ်တဲ့ အယ်နီညိုဟာ အားပိုကောင်းလာနိုင်ကာ ၂ဝဝ၉ ခုနှစ် ဇူလိုင်လနဲ့ စက်တင်ဘာလ အတွင်းမှာ စတင်ဖြစ်ပေါ်ပြီး ၂ဝဝ၉-၂ဝ၁ဝ ခုနှစ် ဆောင်းဦးကာလ အထိ ကြာရှည်နိုင်လိမ့်မယ်လို့ ခန့်မှန်းထားကြောင်း ပြောကြားခဲ့ကြပါတယ်။ အယ်နီညိုဖြစ်ပေါ်မှုဟာ ပစိဖိတ်သမုဒ္ဒရာ အနောက်အလယ်ပိုင်း အင်ဒိုနီးရှားနိုင်ငံပေါ်က ခြောက်သွေ့ပူပြင်းမှုတွေနဲ့ ဆက်စပ်ဖြစ်ပေါ်လာမယ်လို့လဲ ခန့်မှန်းထားပါတယ်။

ကမ္ဘာ့လူ့အသိုင်းအဝန်းရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ၊ စီးပွားရေးတွေမှာ ထိခိုက်ဆုံးရှုံးမှု မဖြစ်ရအောင် အစိုးရအဖွဲ့အစည်းတွေ၊ အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်သူတွေနဲ့ စက်မှု/ စီးပွားကုန်ထုတ်လုပ်ငန်းကြီးများကို ဆောင်ရွက်ကြသူတွေက ခန့်မှန်းတွက်ချက်ပြီး ဆုံးဖြတ်ချက်ချကြရာမှာ ဒီကနေ့ တိုးတက်လာတဲ့ သိပ္ပံပညာတွေနဲ့ အယ်နီညိုဖြစ်ပေါ်လာမှု ခန့်မှန်းချက်တွေဟာ ကမ္ဘာ့မိုးသေဝသဖြစ်ပေါ်ပြောင်းလဲမှုတွေအပေါ်အကျိုးသက်ရောက်မှုတွေ ရှိနေတဲ့အကြောင်း ဖေါ်ထုတ်တင်ပြပေးလိုက်နိုင်ပါပြီ လို့ NOAA ရဲ့ ဥက္ကဌဖြစ်သူ Jane Lubchenco က ပြောကြားခဲ့ပါတယ်။
“Advanced climate science allows us to alert industries, governments and emergency managers about the weather conditions El Niño may bring so these can be factored into decision-making and ultimately protect life, property and the economy,”

အယ်နီညိုဖြစ်ပေါ်မှုကြောင့် ဖြစ်ပေါ်လာနိုင်မဲ့ အကျိုးသက်ရောက်မှုတွေဟာ သူဖြစ်ပေါ်တဲ့ အင်အား၊ သမုဒ္ဒရာ အပူချိန်မြင့်မားမှု ကြာမြင့်ချိန်နဲ့ ဖြစ်ပေါ်တဲ့ အချိန်တွေပေါ်မှာ မူတည်ပြီး ပြောင်းလဲနိုင်ကြောင်း၊ အယ်နီညိုဖြစ်ပေါ်မှုကြောင့် ဆိုးကျိုးတွေချည်းသက်ရောက်မှုရှိတာမဟုတ်ပဲ ကောင်းကျိုတွေလဲဖြစ်ပေါ်နိုင်ကြောင်း - ဥပမာအားဖြင့် အတ္တလန်တိတ်သမုဒ္ဒရာမှာ ဖြစ်ပေါ်လာမဲ့ ဟာရီကိန်းမုန်တိုင်းတွေ ဖြစ်ပေါ်လာနိုင်မှုကို လျော့ကျသွားစေနိုင်ပြီး အမေရိကန်ပြည်ထောင်စု မြောက်ပိုင်းဒေသတွေမှာ လေပြင်းများကျရောက်မှု နည်းသွားစေနိုင်တာကြောင့် ဖလော်ရီဒါမှာ ဖြစ်လာနေကျ တောမီးလောင်ကျွမ်းမှုတွေကို လဲ လျော့နည်းသွားစေနိုင်တယ်လို့ ဆိုပါတယ်။ သို့ပေမဲ့ အယ်နီညိုရဲ့ ဆိုးကျိုးဖြစ်ပေါ်စေနိုင်မှုတွေကြောင့် ကာလီဖိုးနီးယားပြည်နယ်ရဲ့ ဆောင်းလေအေးတိုက်ခတ်မှုတွေ လျော့ပါးသွားစေပြီး တောင်ပိုင်း အမေရိက ကို ဝင်ရောက်မဲ့ မုန်တိုင်းဖြစ်ပေါ်မှုတွေပိုလာစေနိုင်ကြောင်း၊ အင်ဒိုနီးရှားလိုဒေသမျိုးမှာတော့ မိုးခေါင်သွားစေနိုင်ကြောင်း ခန့်မှန်းထားတာ တွေ့ရပါတယ်။

အခု ဇူလိုင်လ အစပိုင်းမှာ ပြုလုပ်တဲ့ NOAA ရဲ့ လစဉ်ဆွေးနွေးပွဲမှာ ပစိဖိတ်အပူပိုင်းဒေသ ရဲ့ သမုဒ္ဒရာရေ အပူချိန်ဟာ ဇွန်လကုန်ပိုင်းမှာ ပုံမှန်ထက် ၁ ဒီဂရီဆဲလ်ဆီးယပ်စ် မြင့်တက်နေတာနဲ့ နောက်ဆုံး ဖြစ်ပေါ်ခဲ့တဲ့ အယ်နီညိုဖြစ်စဉ်ဟာ ၂ဝဝ၆ ခုနှစ်အတွင်းမှာဖြစ်ခဲ့တာလို့လဲ မှတ်သားရပါတယ်။

အယ်နီညိုဖြစ်ပေါ်လာမှုကြောင့် ကမ္ဘာ့ကုန်သွယ်လေစီးကြောင်းကြီးတွေရဲ့ အင်အားလျော့ကျပြီး ပစိဖိတ်သမုဒ္ဒရာအလယ်ပိုင်း ရဲ့ အီကွေတာအနီးက အပူပိုင်းဒေသတွေမှာ မိုးရွာသွန်းမှု ပိုမိုလာပြီး အင်ဒိုနီးရှားမှာတော့ မိုးနည်းသွားမယ်(မိုးခေါင်နိုင်တယ်)လို့ သိရပါတယ်။

NOAA ဟာ အယ်နီညိုဖြစ်ပေါ်မှု အခြေအနေကို ဆက်လက်စောင့်ကြည့်နေမှာဖြစ်ပြီးတော့ လာမဲ့ သြဂုတ်လ ၆ ရက်နေ့မှာ ကြေညာချက်တစ်ကြိမ်ထပ်ပြီးထုတ်ပြန်ဦးမှာဖြစ်တဲ့အကြောင်း၊ နောက်ဆုံး ထုတ်ပြန်ခဲ့တဲ့ မေလ ၂၁ ရက်ထုတ်ပြန်ချက်ကို http://www.cpc.noaa.gov/products/outlooks/hurricane.shtml မှာ ဖတ်ရှုလေ့လာနိုင်ကြပါကြောင်း တင်ပြလိုက်ပါတယ်။

NOAA ၏မူလစာမျက်နှာအားဖတ်ရန်

TOP

There is saying in English. “Once bitten twice shy” by Fancy

There is saying in English. “Once bitten twice shy”.

It is similar to Myanmar saying “Ta khar thay bu, pyin boe nar lae.” The once cyclone-ignorant people of Myanmar are now more and more cautious about daily weather changes in their local areas.   The majority here hasn’t overcome the shock from the previous cyclone experience and whenever they hear there is a storm somewhere in the ocean, no matter how far it is from their home, they picture the devastating images of deadly cyclone Nargis and get into a panic mode. It’s been six month after Nargis and yet rumor of another cyclone on its way is common to hear this entire rainy season. Although Myanmar meteorological service is putting weather information in the daily local newspapers, I think people find it insufficient, and they still need another source of information to feel secure.

Personally, I think if the public has more access to meteorological updates and weather forecast by themselves, and use this information with good judgment; they would not be easily swayed and horrified by the street rumors. One way of doing this is let the internet users know where they could get such information. If these users can check some websites out by themselves and share what they found on the internet with others, people would have a better idea of what to do. In other words, seeing it with their own very eyes rather than relying on any hear-say, internet users can spread out the right info. This would make people feel a lot comfortable and secured. From my own experience, being able to get on to a weather site and see where the storm is going makes me feel a lot better.  I feel that I am well-informed and know what to do next. From these websites I also know that there are always two or three storms happening simultaneously somewhere on Earth but they are so far from my home, and I could sleep soundly at night. I could save money and do my work calmly unlike others who believe the rumors and rush to buy things. I was able to tell my family and friends that the storm Rashmi is going to Bangladesh and not coming to Myanmar.

I do not mean to say that getting the weather information is  the responsibility of internet users (no… don’t get me wrong here, I am not putting the load on you guys) but I just want the public to turn to the right source of information.

I also find that many Myanmar internet users know how to chat online, where to get football information and the celebrity gossips on the internet; but too few of them know or hardly put an effort into searching a good weather site. Some of my teenage students are interested in meteorological information but don’t know where to get them. May be their online “search” skills are not so effective or may be they don’t bother searching but I know that they would like to have this bit of information at hand so that they would not go crazy whenever somebody mention “storm” or “cyclone” in a conversation. I tell them the websites I usually visit. After visiting those websites by themselves, they said they found them very useful.  I am sure people will visit those sites more if the site addresses are given ready to them.

I also believe that this is one way educating the public on natural disaster and weather forecast. If more a and more people get to know how a storm is formed, what conditions are required to become a cyclone, what preparations are needed when a storm is coming etc., people will be better prepared and know how to react to it.

Another point I would like to mention here is people need to turn to the right source of information and use that information WISELY. No matter how educated they’re … I REPEAT … people need to turn to the right INFO AND GOOD JUDGEMENT!!! One funny thing regarding the recent storm Rashmi was a highly educated and computer literate person who uses internet daily from morning to evening and who happened to be a friend of mine believed the rumors and stopped sending his children to school. He could have checked the information by himself. But I don’t know what he was thinking at that time. Didn’t he bother checking the websites out or didn’t he know that these sites are available? He is an internet user; I am sure he knows but I can’t understand why he listened to all the nonsense from others. 

I know that there aren’t many internet users in Myanmar yet compare to those from other countries, but I also know that number of users is increasing day by day. So next time when there is a rumor of another cyclone, stop panicking. Just get online and see it for yourself before you believe anything you hear on the street. And share what you know with others!

(Here are the sites I want to share with all of you. I got some of them from friends and some by myself. Please feel free to share the sites you know too. It is never “too much information” )

For near real-time alerts about natural disasters around the world:
http://www.gdacs.org/index.asp
http://www.hewsweb.org/storms/

This is where you can check the ocean temperature:
http://www.wundergroun.com/MAR/

This is from Singapore and it covers SEA region:
http://www.weather.gov.sg/wip/web/ASMC/Satellite_Imagery/Myanmar/

This is Joint Typhoon Warning Center:
https://metocph.nmci.navy.mil/jtwc.php

For those who want to learn about storm preparation and how to cope with life after the storm:
https://stormtips.com

For a 5 day weather forecast on your region:
http://www.bbc.co.uk/weather/5day.shtml?world=2710&links

Finally, please also visit the site from our own country. After visiting the other sites, you will find that the forecasts from our Department of Meteorology is similar to those from others, and we are not too falling behind in that aspect (if you ever think we are!) but I am not sure how often they update the site:
http://www.dmh.gov.mm

Sincerely and with best regards,
Fancy

TOP

မြေငလျှင် လှုပ်ခြင်းနှင့် ကြိုတင်ခန့်မှန်းခြင်း

မြေငလျှင်လှုပ်ခြင်း၏အကြောင်းရင်းများ

မြေငလျှင်လှုပ်ခတ်ခြင်းသည် ရှေးယခင်ကာလကြာမြင့်စွာကပင်ရှိခဲ့ပြီး ကမ္ဘာဂြိုလ်၏ အပေါ်ယံလွှာ earth crust တွင် ဖြစ်ပေါ်တည်ရှိနေကြသည့် ကမ္ဘာအပေါ်လွှာကျောက်ချပ်ကြီးများ tectonic plates များ ရွေ့လျားရာမှ အချင်းချင်းပွတ်တိုက်မိခြင်းကြောင့် အဓိကဖြစ်ရကြောင်း ကမ္ဘာ့သိပ္ပံပညာရှင်ကြီးများစွာက အခြေခံအားဖြင့်လက်ခံထားကြပါသည်။ tectonic pla