
| Weather Updates |
| Information |
| Weather and Natural Disaster Information Collections ရာသီဥတုနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာသတင်းများ စုဆောင်းလေ့လာခြင်း LINKS | MMW BLOG | MMWEATHER on FACEBOOK | TIMEZONES | MMW CBOX | FLOOD STUDY | မိုးရေချိန်နှင့်ရေကြီးမှု | မုန်တိုင်းသတင်း | မိုးဇလ နေ့စဉ်ခန့်မှန်းချက် | Storm tracker |
Nargis is the deadliest named cyclone in the North Indian Ocean Basin, as well as the second deadliest named cyclone of all time, behind Typhoon Nina of 1975. Including unnamed storms like the 1970 Bhola cyclone, Nargis is the 8th deadliest cyclone of all time, but an uncertainty between the deaths caused by Nargis and those caused by other cyclones (like the 1991 Bangladesh cyclone), could put Nargis as 7th deadliest or higher, because the exact death toll is unknown. Nargis was the first tropical cyclone to strike the country since Cyclone Mala made landfall in 2006, which was slightly stronger, but had a significantly lower impact. According to various reports, Indian authorities had warned Burma about the danger that Cyclone Nargis posed 48 hours before it hit the country's coast. (Extracted from Wikipedia Cyclone Nargis) ၂ နှစ်ကျော်ကြာပြီးနောက် .. ၂၂-၁ဝ-၁ဝ နေ့တွင် ရခိုင်ပြည်နယ်၊ မြောက်ပိုင်းဒေသအချို့သို့ အင်အားအလွန်ကောင်းသော ဆိုင်ကလုန်း မုန်တိုင်းကြီး Giri ဝင်ရောက် တိုက်ခတ်ခဲ့ပြန်ရာ အပျက်အစီးနှင့် ဆုံးရှုံးခြင်းများစွာ ထပ်မံ ဖြစ်ပေါ်ရပြန်ပါသည်။ သို့ရာတွင် ဆိုင်ကလုန်းမုန်တိုင်း နာဂစ် ပေးသော သင်္ခဏ်းစာကြောင့် သက်ဆိုင်ရာတို့၏ မုန်တိုင်းနှင့် ပတ်သက်သည့် သတိပေးမှု၊ ဘေးလွတ်ရာသို့ ကြိုတင်နေရာ ရွှေ့ပြောင်းပေးမှုကို အထိုက် အလျှောက်ဆောင်ရွက်ပေးနိုင်ခဲ့သဖြင့်လည်း ယခုတစ်ကြိမ် လူ့အသက်ပေါင်းများစွာ သေဆုံးရမည့်အန္တရာယ်မှ ကျော်လွန်နိုင်ခဲ့ပါသည်။ |
၂ဝဝ၈ ခုနှစ် ဧပြီလ ၂၇ ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော်အတွင်း စတင်ဖြစ်ပေါ်ခဲ့သည့် လေဖိအားနည်းရပ်ဝန်းမှ အင်အားအလွန်ပြင်းသော ဆိုင်ကလုန်းမုန်တိုင်းကြီး"နာဂစ်"အဆင့်သို့ ရောက်ရှိကာ ကျွန်ုပ်တို့အား မမေ့နိုင်သော သင်္ခဏ်းစာတစ်ရပ်ကို ပေးသွားခဲ့လေသည်။ မြန်မာ့ရာသီဥတုနှင့် သဘာဝဘေးအန္တရာယ်သတင်းများ စုဆောင်းဖေါ်ပြခြင်းကို http://mmweather.ning.com အမည်ဖြင့် NING Community Network တွင် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသနှင့် မြန်မာနိုင်ငံ အောက်ပိုင်းဒေသ အချို့တို့အား အဆင့် (၄) ရှိ အင်အား ပြင်းထန်သော ဆိုင်ကလုန်း မုန်တိုင်း Nargis တိုက်ခတ်အပြီး ၂ဝဝ၈ ခုနှစ် မေလ (၁၈) ရက်နေ့တွင် စတင်တည်ဆောက်ခဲ့ပါသည်။ ထို့ကြောင့် ၂ဝ၁ဝ ခုနှစ်၊ မေလ(၁၈)ရက် တွင် mmweather ၏ သက်တမ်း(၂)နှစ်ပြည့်ခဲ့ပြီဖြစ်ပါသည်။ ယခုအခါ NING Community Network တွင် ဆက်လက်တင်ပြရန် အခက်အခဲရှိသဖြင့် http://mmweather.com နှင့် ဆက်စပ်သတင်း website ဖြစ်သော http://blog.mmweather.com တွင် ရာသီဥတုနှင့်သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ သတင်းများ၊ အချက်အလက်များကို စုဆောင်း ရယူကာ မြန်မာဘာသာသို့ အတတ်နိုင်ဆုံး ပြန်ဆိုတင်ပြပေးလျှက် ရှိပါသည်။ MMWEATHER သည် အဘယ်ကြောင့် ဘင်္ဂလားပင်လယ်အော် နှင့် တောင်တရုတ်ပင်လယ်များတွင်ဖြစ်ပေါ်သော အပူပိုင်းမုန်တိုင်းများ၊ ဆိုင်ကလုန်း/တိုင်ဖွန်းမုန်တိုင်းများကြောင့်လည်း မြန်မာနိုင်ငံ၌သာမက အိမ်နီးချင်း ပြည်ပနိုင်ငံအချို့တွင်လည်း မိုးသည်းထန်စွာရွာသွန်းခြင်း၊ လေပြင်းများ တိုက်ခြင်း၊ ရေလွှမ်းမိုးခြင်း နှင့်မြေပြိုခြင်း တို့ကြောင့် အသက်၊ စည်းစိမ်၊ အိုးအိမ် မြောက်များစွာ ပျက်စီးဆုံးရှုံးရခြင်းနှင့် စားနပ်ရိက္ခာ အရင်းအမြစ်များပါဆိုးရွားစွာ ထိခိုက်ပျက်စီးစေခြင်း စသည့် ဆိုးကျိုးများကို ကြုံတွေ့ခံစားနေကြရလျှက် ရှိပါသည်။ မြန်မာနိုင်ငံအတွင်းမကြုံစဘူးကြုံတွေ့ခဲ့ရသော Nargis ဆိုင်ကလုန်းမုန်တိုင်းကြီးနှင့် Giri ဆိုင်ကလုန်းမုန်တိုင်းကြီးတို့၏ အင်အားပြင်းထန်ပြီး အဖျက်စွမ်းအား ကြီးမားမှုကို အထိတ်တလန့်ဖြစ်ကြရသည့် ပြည်သူလူထုအကြားတွင် အထိတ်တလန့်ဖြစ်စေမည့် ကောလဟာလ သတင်းများပြန့်နှံ့ခြင်း လည်း ယခုအချိန်အထိ ရှိနေဆဲ/ပြောနေကြဆဲ ဖြစ်ပါသည်။ ထို့ကြောင့် ရာသီဥတုပြောင်းလဲမှုသတင်း၊ သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်သည့်သတင်းများကို အင်တာနက်(သို့)online အသုံးပြုသူ ပြည်တွင်း/ပြည်ပမှ မြန်မာများသို့ရည်ရွယ်လျှက် Weather and Disaster Information Collection Network ကို MMWEATHER မှ စတင်တည်ဆောက်ပြီး ကမ္ဘာတစ်လွှားရှိ သဘာဝဘေးအန္တရာယ်ဆိုင်ရာ သတင်းများကို အင်တာနက်ပေါ်တွင် လွှင့်တင် ပေးနေသည့် WMO, JTWC, TSR, WEATHER UNDER GROUND (WUND), NOAA, GDACS, T2K, USGS, နှင့် အခြား သေချာတိကျသော သတင်းအခြေအမြစ်များမှ သတင်းများကိုရယူပြီး MMWEATHER ADMIN TEAM အဖွဲ့ဝင်များမှ အချိန်ရလျှင်ရသလို တတ်နိုင်သမျှ ဘာသာပြန်ဆို၍ Blog, MMWEATHER GROUP နှင့် Facebook မှတစ်ဆင့် online ပေါ်မှ မြန်မာများ အချိန်နှင့်တစ်ပြေးညီသိရှိနိုင်ရန် ကြိုးစားဆောင်ရွက်နေဆဲဖြစ်ပါသည်။ MMWEATHER အား ကိုယ်တိုင်ကိုယ်ကျ ပါဝင်ကူညီလိုသူ မည်သူကိုမဆို နွေးထွေးစွာ ကြိုဆိုလျှက် ရှိပါသဖြင့်uwinnaing@mmweather.com, mmweather.1958@yahoo.com နှင့် u.winnaing.2008@gmail.com သို့လည်းကောင်း၊ CBOX တွင်လည်းကောင်း ဆက်သွယ်ကူညီနိုင်ကြပါကြောင်း အသိပေးတင်ပြအပ်ပါသည်။ Text and page contents updated on 19-February-2012 |
Cyclone Giri (IMD designation: BOB 04, JTWC designation: 04B, also known as Very Severe Cyclonic Storm Giri) was the fourth named cyclone of the 2010 North Indian Ocean cyclone season. Giri developed from a low pressure area in the Bay of Bengal that organized into a tropical cyclone on October 19. Giri was stronger than Cyclone Nargis that battered the coast of Myanmar and killed thousands in 2008. Unlike during Cyclone Nargis in 2008, the Government of Myanmar took steps to ensure the safety of residents in the path of Cyclone Giri. An estimated 53,000 are believed to have evacuated Kyaukphyu before the arrival of the storm. Throughout central Myanmar, at least 157 people are known to have been killed by Giri. Thousands of structures near where the storm made landfall were destroyed, leaving more than 70,000 people homeless. An international relief effort began shortly after the storm passed to assist survivors of the storm. Initially, local and foriegn media initially criticized the Myanmar government for not giving residents enough warning of the storm and later for keeping quiet on the situation. However, since then, focus has shifted to the loss of life and relief efforts. |
|
| တမ္ဘာတစ်လွှားမှ မုန်တိုင်းဖြစ်ပေါ်မှုအခြေအနေ
|
|||
| အိန္ဒိယသမုဒ္ဒရာမြောက်ပိုင်းတွင် မုန်တိုင်းဖြစ်ပေါ်မှု အခြေအနေပြပုံ
|
|||
|
အိန္ဒိယ သမုဒ္ဒရာအတွင်း မုန်တိုင်းဖြစ်ပေါ်မှုရှိလျှင် စောင့်ကြည့်ရန် မြေပုံ |
|||
ပစိဖိတ်သမုဒ္ဒရာ အနောက်မြောက်ပိုင်းတွင် မုန်တိုင်းဖြစ်ပေါ်မှု အခြေအနေပြပုံ
|
Thanks to MMW visitors We have started this flag counter since 15th December, 2011. |
||
| MMWEATHER IS PROUDLY HOSTED BY CYBERWINGS TEAM | |||
MMWEATHER Official website is hosted by Cyberwings Team |
|
The Cyber Wings Team မှ domain များကို ဈေးသက်သာစွာဖြင့် ၀ယ်ယူပြီးလျှင် -
|
View some of Cyber Wings Team Services below;
|